Saturday 5 October 2013

အလွယ်ကူဆုံး လက်သည်းဒီဇိုင်း လှလှလေးလုပ်နည်း (Easy and Stylish Dotted Nail Art Design)


ခုလက်သည်းဒီဇိုင်းအတွက်တော့ လက်သည်းဆိုးဆေး အရောင်သုံးရောင်နဲ့ လက်သည်းဆိုးစုတ်တံအပါးလေးပဲလိုပါတယ်…။
စုတ်တံမရှိတဲ့သူတွေလည်း ဘာမှစိတ်မပူနဲ့နော်…။
သွားကြားထိုးတံလေးနဲ့လဲ လုပ်လို့ရပါတယ်…။
ဥပမာအနေနဲ့တော့ အဖြူ အနက် ခဲရောင်လေး သုံးထားလိုက်တယ်…။



၁) လက်သည်းဆိုးဆေးသုံးရောင်ကို လက်ငါးချောင်းလုံး အစဉ်တိုင်းဆိုးပြီး လက်သည်းဆိုးဆေးတွေ ခြောက်သွားအောင် ခဏထားလိုက်ပါ…။
၂) စုတ်တံ (သို့) သွားကြားထိုးတံလေးကိုသုံးပြီး ဆိုးထားတဲ့အရောင်နဲ့မတူတဲ့ အရောင်တွေကို လက်သည်းထိပ်ပိုင်းမှာ အစက်လေးတွေ ထူထူလေးချလိုက်ပါ...။ ပုံထဲမှာတော့ အဖြူနဲ့အမဲလေးပဲ သုံးထားပါတယ်…။
၃) နဲ့ ၄) ပုံမှာပြထားတဲ့အတိုင်း အစက်လေးတွေကို တစ်ဆင့်ချင်း ပိုကျဲကျဲပြီးချလိုက်ပါ…။
၅) ကျန်တဲ့လက်သည်းအပိုင်းတစ်ခုလုံးကို အစက်လေးကို အရမ်းကျဲပြီးချလိုက်ပါ…။
၆) နောက်ဆုံးကတော့ လက်သည်းပေါ်က အစက်လေးတွေ ကြမ်းနေတာတွေ မညီတာတွေကိုဖုံးဖို့အတွက် လက်သည်းဆိုးဆေးအကြည်လေးကို (Nail top coat) လက်သည်းတွေအပေါ်ကနေ ထပ်ဆိုးလိုက်ပါ…။

ဒီလက်သည်းဆိုးနည်းလေးက ဆိုင်ကိုသွားဖို့အချိန်ကုန်စရာမလိုပဲ လွယ်လွယ်ကူကူနဲ့ သူငယ်ချင်းတို့ကို ချစ်စရာကောင်းတဲ့ လက်သည်းဒီဇိုင်းလေး ဖန်တီးနိုင်အောင်ကူညီမှာပါ…။
လက်သည်းအရောင်သုံးရောင်မသုံးချင်လဲ နှစ်ရောင်ထဲနဲ့ဖန်တီးလို့ ရတယ်နော်…။
ဥပမာ… ပန်းလေးနဲ့ အပြာလေးသုံးမယ်ဆိုရင်… ပထမလက်သည်းလေးကို ပန်းရောင်လေးဆိုး အပြာစက်လေးတင်… နောက်တစ်ခုကို အပြာရောင်လေးဆိုး ပန်းရောင်စက်လေးတင်… လက်ငါးချောင်းလုံး အစဉ်တိုင်းလေးလုပ်သွားရုံပါပဲ…။
သူငယ်ချင်းက အရောင်တောက်တောက်လေးနဲ့ ခေတ်မီမီလေးကြိုက်တယ်ဆိုရင်တော့ သုံးရောင်ထဲမသုံးဘဲ လက်ငါးချောင်းကို အရောင်ငါးရောင်သုံးလိုက်ပေါ့…။ ဥပမာ ၀ါ စိမ်း နီ ပြာ ပန်း စသဖြင့်ပေါ့…။
ကဲ... သူငယ်ချင်းလဲ ဒီလက်သည်းဆိုးနည်းလေးကိုကြည့်ပြီး ကိုယ့်စိတ်ကြိုက်အရောင်လေးတွေနဲ့ ကို်ယ်ပိုင်လက်သည်းဒီဇိုင်းလှလှလေးကို ဖန်တီးကြည့်လိုက်ဦးနော်…။




Ref: Beauty Zone (BeautifulShoes)

No comments:

Post a Comment